မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 10, 2016

လက်ဘနွန်နှင့် ကစားမည့် ခြေစစ်ပွဲ မတိုင်မှီ မြန်မာအသင်း စင်ကာပူတွင် တစ်ပတ် လေ့ကျင့်မည်



မြန်မာလက်ရွးစင် တိုက်စစ်မှူး ကျော်ကိုကို၏ ထိုးဖောက် ကစားဟန် (ဓါတ်ပုံ affsuzukicup.com)

ဇန်နဝါရီ ၉၊ ရန်ကုန်

မတ်လ ၂၉ရက်တွင် လက်ဘနွန် အသင်းနှင့်၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်းသည် ယင်းပွဲစဉ် မတိုင်မှီ စင်ကာပူနိုင်ငံတွင် တစ်ပတ်ခန့် သွားရောက် နေထိုင် လေ့ကျင့်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂၃ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့်လည်း စင်ကာပူနိုင်ငံတွင်ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာအသင်းမှာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ပွဲကစားပြီးချိန်တွင် ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၄ပွဲရှုံးထားပြီး အုပ်စုတွင်းအဆင့်၎နေရာတွင်ရပ်တည်နေ သည်။ မြန်မာ့လက်ရွေါ်စင်အသင်းကို ဂျာမနီလူမျိုးနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က နည်းပြချုပ်အဖြစ်တာဝန်ယူမည် ဖြစ်ပြီး ၄င်းလက်ထက်အဖွင့်ပွဲစဉ်နှစ်ပွဲတွင် ဟောင်ကောင်ကို ၅-၀၊ တောင်ကိုရီးယားကို ၄-၀ဂိုးများဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာအသင်းမှာ ၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲအတွက်ပါကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်အတွင်း ခြေစမ်းကစားရန် ဟောင်ကောင်၊ မက်ဆီဒိုးနီးယားအသင်းများကိုလည်းဖိတ်ကြားထားသည်။

ထို့အပြင် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတွင် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအဖြစ် စင်ကာပူ၊ ဗီယက်နမ်နှင့် အရှေ့အလယ်ပိုင်းအသင်းတစ်သင်းပါဝင်မည့် ပြိုင်ပွဲကိုလည်းကျင်းပမည်ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9624


No comments:

Post a Comment