မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 10, 2016

ဘရာဇီး တိုက်စစ်မှူး အီဗန်ကားလို့စ်ကို ဟံသာဝတီ ခေါ်ယူ



ဘရာဇီး တိုက်စစ်မှူး အီဗန်ကားလို့စ် (ဓါတ်ပုံ-Hantharwady United Football Club facebook)

ဇန်နဝါရီ ၉၊ ရန်ကုန်

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဘောလုံး ရာသီတွင် အဆင့်မှီဝင် ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော ဟံသာဝတီ ယူနိုက်တက် အသင်းသည် နိုင်ငံခြားသား ကစားသမား နောက်ဆုံးခေါ်ယူမှု အဖြစ် ဘရာဇီး တိုက်စစ်မှူး အီဗန်ကားလို့စ်ကို ခေါ်ယူ ခဲ့သည်။

အီဗန်ကားလို့စ်မှာ ဘရာဇီးကလပ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လာအိုကလပ် ဗီယန်ကျင်းအက်ဖ်စီအသင်းမှ ဟံသာဝတီသို့ပြောင်းလာသူဖြစ်သည်။

“မြန်မာကလပ်အသင်းတစ်သင်းမှာ ကစားခွင့်ရတဲ့အတွက်ကျေနပ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ဟံသာဝတီအသင်းအတွက်အကောင်းဆုံးဖြစ် အောင်ကြိုးစားပြီး ဂိုးတွေသွင်းပေးချင်ပါတယ်။”ဟု အီဗန်ကဆိုသည်။

ဟံသာဝတီအသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် နိုင်ငံခြားသားကစားသမားများအဖြစ် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘမ်ဘာ၊ ကင်မရွန်းကွင်းလယ်ကစားသမား ဂျော့ဒ်နှင့် ဘရာဇီးတိုက်စစ်မှူး အီဗန်ကားလို့စ်တို့ကို ခေါ်ယူထားပြီး နည်းပြချုပ်အဖြစ် စင်ကာပူလူမျိုးနည်းပြ ဆီဗာဂျီကို ခန့်ထားသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9625


No comments:

Post a Comment