မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 10, 2016

အက်ဖ်အေ ဖလား မန်ယူ ၁-၀ ရှဖီး ယူနိုက်တက် (ရုပ်သံ ဟိုက်လိုက်)




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒုတိယတန်း ကလပ် ရှဖီး ယူနိုက်တက်နဲ့ အက်အေဖလား တတိယ အဆင့် ပွဲစဉ်မှာ တိုက်စစ်မှူး ရွန်နီရဲ့ နောက်ဆုံး မိနစ်မှာ သွင်းတဲ့ ဂိုးနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။

အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲစဉ်မှာ မန်ယူ အတွက် အနိုင်ဂိုးကို မိနစ် ၉၀ မှာ ရွန်နီက ပင်နယ်တီ ကနေ ကန်သွင်း ယူတာ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။

ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒီပေကြောင့် မန်ယူ ကစားပုံ ပိုကောင်းလာပြီး ပင်နယ်တီလည်း သူ့ရဲ့ ထိုးဖောက်မှုကနေ ရခဲ့တာပါ။

ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ဒီပေက ရရှိသွားပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူဟာ အက်ဖ်အေဖလား စတုတ်ထအဆင့်ကို တက်ရောက်သွားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/130272

No comments:

Post a Comment