
ဓာတ်ပုံ - အိုင်တီဗွီ
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် နော်ဝစ်ခ်ျ အသင်းက ဆွစ်ဇာလန် နောက်ခံလူ တင် ကလိုဆေးကို လက်မှတ် ရေးထိုး ခေါ်ယူနိုင် လိုက်ပါတယ်။
နော်ဝစ်ခ်ျ အသင်းဟာ ဂျာမန်ကလပ် ၀ုဖ်ဘတ်ကနေ ၃ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူ လိုက်တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ကိုတော့ တရားဝင် ဖော်ပြတာ မရှိပါဘူး။
အသက် ၂၇ နှစ် အရွယ် နောက်ခံလူ ကလိုဆေးဟာ ၀ုဖ်ဘတ်အသင်း အတွက် ၃၉ ပွဲ ကစားပေး ထားပါတယ်။
ဗဟိုနောက်ခံလူ ကလိုဆေးဟာ ဆွစ်ဇာလန် လက်ရွေးစင် အသင်းအတွက် အင်္ဂလန်နဲ့ ကစားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာလည်း ကစားခွင့် ရထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131429





No comments:
Post a Comment