အီတလီစီးရီးအေ အင်တာမီလန် အသင်းက နောက်ခံလူ ဗီဒစ်ရဲ့ စာချုပ်ကို ပယ်ဖျက်ပြီး အသင်း ကနေ ထွက်ခွာခွင့် ပြုလိုက် ပါတယ်။
ဆားဘီးယား နောက်ခံလူ ဗီဒစ်ဟာ ဒီနှစ်ရာသီ ထဲမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရလို့ အင်တာမီလန်ကို စွန့်ခွာ သွားတာပါ။
သူဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ အင်တာအတွက် ၂၈ ပွဲ ကစားခွင့် ရထား ပါတယ်။
အသက် ၃၄ နှစ် အရွယ် ဗဟိုနောက်ခံလူဟာ ၂၀၁၄ မှာ မန်ယူကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ အင်တာမီလန်ကို ရောက်ရှိ လာတာပါ။
ဆားဘီးယား လက်ရွေးစင်ဟောင်း ဗီဒစ်ဟာ အင်တာကို မရောက်ခင် မန်ယူမှာ ၈ နှစ်ခွဲကြာ ကစားခဲ့ ပါတယ်။
နောက်တန်းသမား ဗီဒစ်ဟာ မန်ယူမှာ တုန်းက အသင်းနဲ့ အတူ ပရီးမီးယား လိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိ ဂ်ဖလား ၁ ကြိမ် ရထား ဖူးပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131418
No comments:
Post a Comment