ဇန်န၀ါရီ ၁၈ ရက်က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆွမ်ဆီးက ၀က်ဖို့ဒ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
၂၇ မိနစ်မှာ ၀ီလျံစ် သွင်းတဲ့ ဂိုးနဲ့ ဆွမ်းဆီးက အနိုင်ရ သွားတာပါ။
ဒီပွဲကို ဆွမ်ဆီးက အသစ် ခန့်အပ်လိုက်တဲ့ နည်းပြ သစ်လည်း ပွဲကြည့်စင်မှာ လာရောက် ကြည့်ရှု ခဲ့ပါတယ်။
ဆွမ်ဆီးက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်းသွင်း ခွင့်လည်း ပိုရခဲ့ပါတယ်။
ဆွမ်ဆီးကစားသမား ၀ီလျံစ် ခြေစွမ်းပြ ကစားနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲနိုင်လို့ ဆွမ်ဆီးဟာ ၂၂ မှတ်နဲ့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ပြီး အဆင့် ၁၇ နေရာကို တက်လှမ်းသွားပါတယ်။
ဝက်ဖို့ဒ်ကတော့ ၂၉ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131406
No comments:
Post a Comment