မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 14, 2016

ဖီဖာ၏ အရေးယူ မှုကြောင့် ကူဝိတ် အသင်း မြန်မာကို ၃-၀ ဖြင့် အရှုံးပေးရ



ကူဝိတ်နှင့် မြန်မာတို့ ပထမ အကျော့ ဆုံတွေ့ ခဲ့စဉ်

ဇန်နဝါရီ ၁၄၊ ရန်ကုန်

ကူဝိတ် ဘောလုံး အဖွဲ့ချုပ်ကို အစိုးရမှ ဝင်ရောက် စွက်ဖက် သဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) မှ ဒဏ်ကြေးငွေ ပေါင် ၆၈၇၂ပေါင်နှင့် အတူ မြန်မာ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကိုလည်း ၃-၀ ဂိုးဖြင့် အရှုံးပေး ခဲ့ရသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၆ ပွဲ မြောက် အဖြစ် ကူဝိတ် အသင်းသည် မြန်မာ အသင်းနှင့်အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ကစား ရမည်ဖြစ်ပြီး ယင်းပွဲစဉ် ကစားခွင့်ကို ဖီဖာမှ ပိတ်ခဲ့ သဖြင့် ၃ဂိုး၊ ၃မှတ်ဖြင့် အရှုံးပေး ခဲ့ရခြင်း ဖြစ်သည်။

ကူဝိတ် အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲမှ ထုတ်ပယ်ခြင်း မရှိသေးသည့် အတွက် လက်ရှိ အုပ်စုတွင်းတွင် ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေသည်။

မြန်မာအသင်းမှာ ကူဝိတ် အသင်းနှင့် ပထမ အကျော့ ဆုံတွေ့ခဲ့စဉ်က ၉-၀ ဂိုးဖြင့် ဂိုးပြတ် ရှုံးထားပြီး ဒုတိယ အကျော့ပွဲစဉ်ကို ၃ဂိုး ၃မှတ် ရခဲ့သည့် အတွက် ရမှတ် ၇မှတ်ဖြင့် အုပ်စု စတုတ္ထနေရာတွင် ရပ်တည်နေသည်။

ကူဝိတ်ဘောလုံး အသင်းကို ဖီဖာက နိုင်ငံတကာ ပြိုင်ပွဲများ ကစားခွင့် ခေတ္တ ပိတ်ထား သဖြင့် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ရီယိုဒီဂျေနီယို အိုလံပစ် ပြိုင်ပွဲ ကိုလည်း လွဲချော်မည် ဖြစ်သည်။

မြန်မာအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲ အဖြစ် မတ်လ ၂၉ ရက်တွင် လက်ဘနွန်နှင့် အဝေးကွင်းပွဲ ကစား ရမည် ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9841


No comments:

Post a Comment