မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 14, 2016

ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကို အဖျားဝေဒနာကြောင့် နှစ်ပတ်ခန့် အနားယူ ရမည်




ဇန်နဝါရီ ၁၄၊ ရန်ကုန်

ရန်ကုန် ယူနိုက်တက် အသင်းမှ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုမှာ အဖျားရောဂါ ဝေဒနာ (တိုက်ဖွိုက်) ခံစားနေ ရသည့် အတွက် ရက်သတ္တ နှစ်ပတ်ခန့် အနားယူ ရဖွယ် ရှိနေသည်။

ကျော်ကိုကို မှာ အဖျားဝေဒနာကြောင့် မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်ဖြစ်သော မကွေးနှင့် ပွဲကို လွဲချော် ခဲ့သလို ဒုတိယပွဲ ဖြစ်သည့် ဟံသာဝတီနှင့် ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။

“ကျော်ကိုကိုက တိုက်ဖွိုက်ဖြစ်နေတာဆို တော့နလန်ထဖို့ အချိန်ယူရဦးမယ်။ ဟံသာဝတီနဲ့ပွဲကိုတော့ သေချာပေါက်လွဲမှာပါ။ အနည်းဆုံး နှစ်ပတ်လောက်တော့နားရဖို့ရှိနေပါတယ်။

သူမကစားနိုင်တဲ့အချိန်အသင်းတိုက်စစ်ကို လူငယ်တိုက်စစ်မှူး သန်းပိုင်က ဦးဆောင်ကစားမှာပါ။ ”ဟု ရန်ကုန်အသင်းလက်ထောက်နည်းပြ ဦးမျိုးမင်းထွန်းကပြောသည်။

ရန်ကုန်အသင်းသည်ယခုနှစ်ဘောလုံးရာသီအတွက် ဘရာဇီးတိုက်စစ်မှူး ဆီဇာအသင်းမှ ထွက်ခွာပြီးနောက် ဘရာဇီးတိုက်စစ်မှူးများဖြစ်သော မာဆယ်လိုနှင့်အက်ဒီဆင် တို့ကို အားဖြည့် ထားသော်လည်း မာဆယ်လိုမှာ ကြံ့ခိုင်မှုအားနည်းနေသဖြင့် လက်ရှိအချိန်အထိ မကစားနိုင်သေးပေ။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9842


No comments:

Post a Comment