မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 20, 2016

အဲဗာတန် ကွင်းလယ် တိုက်စစ် ကစားသမား နေးလ်စမစ်ကို နောဝှစ်ခ်ျ အသင်း ခေါ်ယူ




အင်္ဂလန်၊ ဇန်န၀ါရီ ၂၀

နောဝှစ်ခ်ျ အသင်းသည် အဲဗာတန် အသင်းမှ စကော့တလန် လက်ရွေးစင် တိုက်စစ် ကစားသမား နေးလ်စမစ်ကို ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ် အရွယ်ရှိ နေးလ်စမစ်ကို နောဝှစ်ခ်ျ အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဖြင့် သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုကာ အဲဗာတန် အသင်းထံမှ ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။

နောဝှစ်ခ်ျအသင်းနည်းပြ အဲလက်စ်နေးလ်နှင့် နေးလ်စမစ်တို့သည် စကော့တလန်ပရီးမီးယားလိဂ်တွင် ပြိုင်ဘက်များအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးသူများဖြစ်ပြီး ပြဿနာဖြစ်ပွားဖူးသူများလည်း ဖြစ်သည်။

နေးလ်စမစ်ကို ခေါ်ယူနိုင်ခြင်းနှင့် ပတ်သက်၍ အဲလက်စ်နေးလ်က 'နေးလ်စမစ်ကို အပြီးသတ်ခေါ်ယူလိုက်နိုင်လို့ ၀မ်းသာမိပါတယ်။ သူဟာ သူ့ရဲ့အရည်အချင်းကို ပရီးမီးယားလိဂ်နဲ့ စကော့တလန်အသင်းမှာ ပြသခဲ့ပြီးပါပြီ။ သူက တကယ့်ကစားသမားကောင်းပါ။ ကျွန်တော်တို့ကို စွမ်းအားတွေ ပေးပါလိမ့်မယ်' ဟု ပြောသည်။

နေးလ်စမစ်ကလည်း 'လက်မှတ်ရေးထိုးနိုင်ခဲ့လို့ ၀မ်းသာပါတယ်။ အခု ကျွန်တော်ဘောလုံးကို အာရုံစိုက် ကစားနိုင်ပါပြီ။ နောဝှစ်ခ်ျအသင်းက ကျွန်တော့်ကို ဘယ်လောက်အလိုရှိကြောင်း ပြသခဲ့ပါတယ်။ ဒါက တကယ်ကို ကောင်းပါတယ်။ ဒီအသင်းကို ပြောင်းနိုင်ခဲ့လို့ ၀မ်းမြောက်မိပါတယ်' ဟု ပြောသည်။

နေးလ်စမစ်သည် နောဝှစ်ခ်ျအသင်းတွင် ကျောနံပါတ် ၇ ကို ၀တ်ဆင်ကစားမည် ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10108


No comments:

Post a Comment