ရတနာပုံ နည်းပြချုပ် ရီနီဒီဆေရီ (ဓာတ်ပုံ - ရတနာပုံ အက်ဖ်စီ)
ဇန်နဝါရီ ၂၀၊ ရန်ကုန်
ရတနာပုံ အသင်း နည်းပြချုပ် ရီနီဒီဆေရီက ရတနာပုံ အသင်းတွင် ကစားသမား အချို့အသင်း အတွက် ပေးဆပ် လိုစိတ် နည်းနေ သည်ဟု ဝေဖန် ပြောကြား ခဲ့သည်။
ရတနာပုံအသင်းမှာ ရာသီအစအဖွင့်ပွဲတွင် အိမ်ကွင်း၌ ဧရာဝတီကို ၂-၁ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ဒုတိယပွဲတွင် ချင်းယူနိုက်တက်အသင်းကို ဂိုးမရှိသရေသာကစားနိုင်ခဲ့သည်။
“အသင်းမှာကစားသမား အချို့က ပေးဆပ်လိုစိတ်နည်းနေပါတယ်။ အသင်းအပေါ်လေးစားမှုမရှိဘူး။ ဒီအတွက် ဖြေရှင်းဖို့လိုပါတယ်။ ကစားသမားတွေအနေနဲ့ဒါကို ပြင်ဆင်ဖို့လည်းလိုပါတယ်။”ဟု ရီနီကပြောသည်။
ရတနာပုံအသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံဖြစ်ရန်ရည်ရွယ်ထားပြီး ပြည်ပကစားသမားများအဖြစ် ဂျပန်ကွင်းလယ်ကစားသမား အိုကာဝါ၊ ကင်မရွန်းနောက်ခံလူ ဝီလျံတို့ကို ခေါ်ယူအားဖြည့်ထားပြီး ပြည်တွင်းကစားသမားများအဖြစ် နောက်ခံလူများဖြစ်သော သိန်းသန်းဝင်း၊ ရဲရင့်အောင်၊ ဂိုးသမား ရန်အောင်လင်းတို့ကို ခေါ်ယူထားသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/10124
No comments:
Post a Comment