မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ဂျာမန် ဖလား ကွာတား ဖိုင်နယ်မှာ ဘိုင်ယန် မြူးနစ်က ဘိုချန် အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ အိမ်ရှင် ဘိုချန် အသင်းဟာ ပွဲအစ ပိုင်းမှာ အခွင့် အရေး တော်တော် များများ ရပေမယ့် အသုံး မချနိုင် ခဲ့ပါတယ်။
ဘိုင်ယန် အတွက် ဦးဆောင်ဂိုးကို ၃၈ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ပထမပိုင်း ပြီးကာနီးမှာ ဘိုချန် နောက်ခံလူ ဖျက်တာ ကြမ်းလို့ အထုတ်ခံ ရသလို ပင်နယ်တီပါ အပေးခံ လိုက်ရပါတယ်။ အဲဒီ ပင်နယ်တီကို မူလာ ကန်သွင်းပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ ပါတယ်။
တယောက်လျော့ ဘိုချန်ဖက်ကို ဘိုင်ယန်အသင်း ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ ရယူပြီး ထိုးဖောက် ကန်သွင်း ခွင့်တွေလည်း တော်တော် များများ ရခဲ့ပါတယ်။ ဒုတိယဂိုးကို ၆၁ မိနစ်မှာ အယ်ကန်တာရာက သွင်းယူပါတယ်။
နောက်ဆုံး အပိတ်ဂိုးကို မိနစ် ၉၀ မှာ လီဝမ်း ဒေါ့စကီးက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်မှာ ၀ါဒါဘရီမင် အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134863
No comments:
Post a Comment