မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပြင်သစ် ဖလား ၁၆ သင်း ရှုံးထွက် အဆင့်မှာ ပီအက်စ်ဂျီက လိုင်ယွန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာက စပြီး ရှုံးပွဲ မရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၆၃ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။
ပီအက်စ်ဂျီက ဒီပွဲမှာ ဒီမာရီယာ၊ ကာဗာနီတို့နဲ့ လူစုံထုတ်ပြီး ယှဉ်ပြိုင်သွားပါတယ်။ ဒုတိယဂိုးကို ၆၇ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကပဲ သွင်းယူပါတယ်။
ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီကပဲ ပွဲကိုထိန်းချုပ်ကစားနိုင်ပါတယ်။ နောက်ဆုံး အပိတ်ဂိုးကို ၇၅ မိနစ် Rabiot က သွင်းယူပြီး အနိုင်ရ သွားပါတယ်။
ပီအက်စ်ဂျီဟာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်မှာ စိန့်အီတီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134869
No comments:
Post a Comment