
အငြင်းပွား နေတဲ့ လက်မှတ်ဈေး ပေါင် ၇၇ တိုးမြှင့်ဖို့ အစီ အစဉ်ကို ပရီးမီးယားလိဂ် လီဗာပူး အသင်းက ပယ်ဖျက် လိုက်ပါတယ်။
အရင် တပတ်က လက်မှတ်ဈေး တိုးမြှင့်မယ့် ကြေညာချက်ဟာ စိတ်အနှောင့် အယှက် ဖြစ်ရတဲ့ အတွက် တောင်းပန် တယ်လို့လည်း ကလပ် အသင်း ပိုင်ရှင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်က အန်ဖီလ်းမှာ ဆန်းဒါလန်း အသင်းနဲ့ ကစားစဉ်မှာ ထောင်ချီတဲ့ ပရိသတ်တွေက ပွဲချိန် ၇၇ မိနစ်မှာ လက်မှတ်ဈေး တိုးမြှင့်တာကို ဆန္ဒပြတဲ့ အနေနဲ့ ကွင်းထဲကနေ ထွက်ခွာ ခဲ့ကြပါတယ်။
ဒီအတွက် လီဗာပူး အသင်းရဲ့ လက်မှတ်ဈေးနှုန်းဟာ ပေါင် ၅၉ မှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134876

No comments:
Post a Comment