အင်္ဂလန် ပရီးမီးယားလိဂ် ဆန်းဒါးလန်း ကစားသမား အဒမ်ဂျွန်ဆင်က ကလေးကို လိင်ပိုင်း ဆိုင်ရာ ပြုကျင့် တယ်လို့ ၀န်ခံလိုက် ပါတယ်။
အသက် ၂၈ နှစ် ဂျွန်ဆင်က ဘတ်ဖိုး တရားရုံးမှာ လျှောက်လဲချက် Aပးခဲ့ပြီး အသက် ၁၆ နှစ်အောက် မိန်းကလေးနဲ့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်တယ် ဆိုတဲ့ စွဲချက် ၂ ခုကိုတော့ ငြင်းဆန် ထားပါတယ်။
အင်္ဂလန်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားတဲ့ ဂျွန်ဆင်ကို ၂၀၁၅ ခုနှစ် မတ်လမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
စွပ်စွဲထားတဲ့ ကိစ္စတွေက ကတ်စတယ် အေဒင်နဲ့ ၀င်းဂိတ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့လည်း တရားလိုတွေက ပြောပါတယ်။
ဝန်ခံလိုက်တဲ့ ဖြစ်ရပ်အပေါ် စီရင်ချက်ကိုလည်း မကြာခင်ဆုံးဖြတ်သွားမယ်လို့ တရားသူကြီးတွေ က ပြောပါတယ်။
ဆန်းဒါးလန်းမှာ မွေးတဲ့ ဂျွန်ဆင်ဟာ ဘောလုံးသမားဘ၀ကို မစ်ဒယ်ဘရောက်နဲ့ စတင်ခဲ့ပြီး မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ဆန်ဒါးလန်းကို ပေါင် ၁၀ သန်းနဲ့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134892
No comments:
Post a Comment