ဖေဖော်ဝါရီ ၁၃ ရက် စကော့တလန် ဒန်ဘာတန်က ဒန်ဒီး အသင်းနဲ့ မကစား ခင်မှာ ကရင် ဘောလုံး သမား ကလယ်ဟဲဟာ ဖိနပ်မပါဘဲ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ ဘောလုံးကန် ခဲ့ရတဲ့ အကြောင်းကို ဒေးလီးမေးလ် သတင်းစာက ဖော်ပြ ပါတယ်။
ကလယ်ဟဲရဲ့ အိမ်မက်က ဒီဘ၀က လွတ်မြောက်ပြီး ကျွမ်းကျင်တဲ့ ဘောလုံး သမား ဖြစ်ဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၈ ရက်က ဒေးလီးမေလ်း ဆောင်းပါး တပုဒ်မှာ ရေးသား ပါတယ်။
ရှက်ဖီး ယူနိုက်တက် လူငယ်ဘောလုံး အကယ်ဒမီ ကနေ ကလာဟဲဟာ ဒန်ဘာတန်မှာ အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပါတယ်။
ဖိနပ် မရှိတဲ့ အတွက် ခြေဗလာနဲ့ ဘောလုံး ကစားခဲ့ ရသလို ဘောလုံးက ရင်ဆိုင်ရတဲ့ အခက်အခဲ ကနေ ထွက်ပြေး နိုင်အောင် ကူညီတယ်လို့ ကလယ်ဟဲက ပြောပါတယ်။
စစ်အစိုးရ လက်ထက် မရပ်စဲတဲ့ ပဋိပက္ခကြောင့် မြန်မာနိုင်ငံ ကရင် ပြည်နယ်က ထောင်နဲ့ ချီတဲ့ လူတွေ ထွက်ပြေး ခဲ့ရသလို သူဟာ ဒီအထဲက တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုမှာ ညီအစ်ကို မောင်နှမတွေ ရှိသလို အားလုံးဟာ ၀ါးတဲလေး ထဲမှာ အတူနေ ရသလို ဒုက္ခသည် စခန်းက ထောင်လိုပဲလို့ သူက ပြောပါတယ်။
ဒီနေရာကနေ ထွက်ခွာဖို့ အတွက် အခွင့်အရေး မရှိသယောင် ထင်ရတယ် လို့လည်း ဆိုပါတယ်။
အဖေက အနီးနားက မြို့မှာ ကားမောင်း ရသလို အမေ ကတော့ သူတို့ကို စောင့်ရှောက် တယ်လို့ ကလယ်ဟဲက ပြောပါတယ်။
နောက်ပိုင်း တတိယနိုင်ငံမှာ အခြေချ နေထိုင် ခဲ့သလို အင်္ဂလိပ်စာ သင်ရာမှာ အခက် အခဲတွေ ရှိခဲ့ပြီး ဘောလုံးကို ဆက်သွယ်ဖို့ အတွက် အသုံးပြု ခဲ့တယ်လို့ သူက ပြောပါတယ်။
ကလယ်ဟဲ နေတဲ့ အုန်းဖျံ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် ၁၃၀၀၀ လောက် နေထိုင်ကြ သလို ရာသီဥတု ကလည်း ကြမ်းတမ်း တယ်လို့ ဆိုပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134979
No comments:
Post a Comment