မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 12, 2016

ရန်ဖြစ်မှုကြောင့် နေရှင်နယ်လိဂ် ကစားသမား ၃ ဦး ပွဲပယ် ပြစ်ဒဏ် ချမှတ်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ပြည်တွင်း ကလပ် အသင်း ၂ ခုက ကစားသမား ၃ ဦးကို ပွဲပယ် ပြစ်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ် လိုက်ပါတယ်။

ရှမ်းယူနိုက်တက် အသင်းက အီရန်နိုင်ငံသား တိုက်စစ်မှူး ဘီရှတ်ကို ပွဲပယ် (၆) ပွဲနဲ့ ဒဏ်ငွေ (၄) သိန်း၊ ဧရာဝတီ ယူနိုက်တက်က ကျော်ဇေယျာဝင်းနဲ့ သီဟဇော် တို့ကို ပွဲပယ် (၄) ပွဲနဲ့ ဒဏ်ငွေ (၂)သိန်းစီ ပြစ်ဒဏ်တွေ ချမှတ် လိုက်တာလို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီ ၆ ရက်က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျင်းပတဲ့ Ooredoo MNL(1) 2016 ပြိုင်ပွဲ ဧရာဝတီ ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက် အသင်းတို့ ကစားတဲ့ ပွဲစဉ်အတွင်း နှစ်ဖက် ကစားသမားတွေ ခိုက်ရန် ဖြစ်ပွားခဲ့တဲ့ အပေါ် ခုလို ပြစ်ဒဏ်တွေ ချမှတ် လိုက်တာပါ။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135022


No comments:

Post a Comment