
ပရီးမီးယားလိဂ် ကလပ် စတုတ်စီးတီး အသင်းက တိုက်စစ်မှူး ဘိုဂျန် ကာကစ်ကို ၄ နှစ်ခွဲ စာချုပ်နဲ့ သက်တမ်းတိုး လိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာက ပြောင်းရွေ့ကြေး မဖော်ပြဘဲ စတုတ် စီးတီးကို ရောက်ရှိလာတာပါ။
စပိန် တိုက်စစ်မှူး ဘိုဂျန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တ၀က်ကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။
သူဟာ စတုတ်အတွက် ၄၁ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းပေးထားပါတယ်။ စတုတ်စီးတီးဟာ လောလောဆယ် အမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135028

No comments:
Post a Comment