မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 12, 2016

ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ကစားသမား ဆန်းဒါးလန်း ထုတ်ပယ်




ကလေးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့် တယ်လို့ ၀န်ခံတဲ့ ကစားသမား အဒမ်ဂျွန်ဆင်ကို အင်္ဂလန် ပရီးမီးယားလိဂ် ဆန်းဒါးလန်း အသင်းက ထုတ်ပယ် လိုက်ပါတယ်။

တရားရုံးမှာ ကလေးကို လိင်ပိုင်း ဆိုင်ရာ ပြုကျင့် တယ်လို့ ၀န်ခံခဲ့ အပြီးတဲ့ နောက်မှာ အခုလို ထုတ်ပယ် လိုက်တာ ဖြစ်တဲ့ အတွက် မန်ယူနဲ့ ကစားမယ့် ပွဲမှာ ကစားခွင့် ရမှာ မဟုတ်ပါဘူး။

ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ဂျွန်ဆင်ငြင်းဆို ထားတဲ့ တခြား လိင်ပိုင်း ဆိုင်ရာ စွဲချက် ၂ ခုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၂၀၁၅ မတ်လမှာ ဂျွန်ဆင်ကို ဖမ်းဆီး ခဲ့စဉ် ကလပ် အသင်း ကလည်း သူ့ကို ခဏ ဆိုင်းငံ့ ထားခဲ့ ပါတယ်။

ဒါပေမယ့်လည်း ကျွမ်းကျင် ဘောလုံး သမားများ အဖွဲ့ အစည်းနဲ့ သူ့ကိုယ် စားလှယ်တွေ စကား ပြောဆို ခဲ့ပြီးတဲ့ နောက် တားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းပေး ခဲ့ပါတယ်။

ဒီနောက် အာမခံ ရယူပြီး ဘောလုံး ကစားခဲ့သလို လီဗာပူး အသင်းနဲ့ ၂ ဂိုးစီသရေ ကျတဲ့ ပွဲမှာလည်း ဂျွန်ဆင်က ၁ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135050


No comments:

Post a Comment