မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 14, 2016

ကရင်ပြည်နယ်တွင် အိမ်ကွင်းလုပ်ရန် အတွက် အစိုးရ အကူအညီ လိုအပ်ဟု ဦးလှဋ္ဌေးဆို



နဝဒေး လေ့ကျင့်ရေး ကွင်းတွင် လေ့ကျင့်နေသော ဇွဲကပင် အသင်းသားများ (ဓာတ်ပုံ - ဇွဲကပင် ယူနိုက်တက်)

ဖေဖော်ဝါရီ ၁၄၊ ရန်ကုန်

ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင် ယူနိုက်တက် အသင်း အနေဖြင့် ကရင်ပြည်နယ်တွင် အိမ်ကွင်း တည်ဆောက်ရန် အစိုးရ အကူအညီ လိုအပ်သည်ဟု အသင်းပိုင်ရှင် ဦးလှဋ္ဌေးက ပြောသည်။

ဇွဲကပင်အသင်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အိမ်ကွင်း တည်ဆောက်ရန် ရည်ရွယ် ထားပြီး အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာနေကာ လာမည့်နှစ် ဘောလုံးရာသီတွင် ပြန်လည် စတင်ရန် စီစဉ်ထားသည်။

“အိမ်ကွင်းဆောက်ဖို့က လောလောဆယ် လျာထားပြီးသား ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ချည်းပဲ အဆင်မပြေနိုင်ဘူး။ ပြည်နယ် အစိုးရကလည်း ကူညီဖို့လိုမယ်။

နောက်တက် လာမယ့် အစိုးရက အားကစားကို ဘယ်လောက် အထိ အားပေးမလဲ ဆိုတာစောင့်ကြည့် ရမှာပါ။”ဟု ဦးလှဋ္ဌေးက ပြောသည်။

ဇွဲကပင် အသင်းကို ၂၀၁၀ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး လေ့ကျင့်ရေးကွင်း အဖြစ် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ နဝဒေးကွင်းကို အသုံးပြုနေသည်။

ဇွဲကပင်အသင်းကို ကရင်ပြည်နယ်အတွင်း အခြေမစိုက်နိုင်သေးသော်လည်း ၂၀၁၆ခုနှစ်အတွင်း ဇွဲကပင်ဘောလုံးအကယ်ဒမီကို ဘားအံမြို့တွင်ဖွင့်လှစ်ရန်စီစဉ်ထားသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11165


No comments:

Post a Comment