ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ မန်ယူက စတုတ်စီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
မန်ယူ အတွက် ဦးဆောင်ဂိုးကို ညာတောင်ပံ ဖြတ်တင် ဘောကနေ လင်ဂတ်က သွင်းယူ ပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး မာရှယ်က သွင်းယူပါတယ်။
ဒီပွဲမှာ မာရှယ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ တတိယ ဂိုးကိုလည်း မာရှယ်ရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး ရွန်နီက သွင်းယူ ပါတယ်။
ဒီဂိုးဟာ ရွန်နီရဲ့ မန်ယူမှာ ကစားတဲ့ သက်တမ်းအတွင်း ၉၉ ဂိုးမြောက် သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ စတုတ်အသင်း ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု သာခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ဒီပွဲနိုင်လို့ မန်ယူနည်းပြ ဗန်ဂါးအတွက်တော့ ဖိအားတွေကနေ စိတ်သက်သာရာ ရခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူက အမှတ် ၄၀ နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက အာဆင်နယ်ရဲ့နောက် ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
စတုတ်ကတော့ ၃၃ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/133745
No comments:
Post a Comment