မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 3, 2016

နဝဒေးကွင်းကို သိန်းငါးသောင်း အကုန်အကျခံ ပြင်ဆင်ရန် ဇွဲကပင်အသင်း စီစဉ်



ဇွဲကပင် လေ့ကျင့်ရေးကွင်းတွင် ခြေစမ်းပွဲ ကစားနေစဉ် (ဓာတ်ပုံ - YDNB)

ဖေဖေါ်ဝါရီ ၃၊ ရန်ကုန်

ကရင်ပြည်နယ် ကိုယ်စားပြု မြန်မာ နေရှင်နယ်လိဂ် ကလပ် ဇွဲကပင် ယူနိုက်တက် အသင်းသည် အသင်း လေ့ကျင့်ရေး ကွင်းဖြစ်သော ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ နဝဒေးကွင်းကို ငွေကျပ် သိန်းငါးသောင်း အကုန် အကျခံ ပြင်ဆင်ရန် စီစဉ်နေသည်ဟု အသင်း ပိုင်ရှင် ဦးလှဋ္ဌေးက ပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းမှာ အသင်းစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၀ခုနှစ်မှ စတင်ပြီး လေ့ကျင့်ရေးကွင်းအဖြစ် နဝဒေးကွင်းကိုအသုံးပြုခဲ့သည်။

“အသင်းလေ့ကျင့်ရေးကွင်းကို အဆင့်မီပြင်ဆင်ဖို့ ရှိပါတယ်။ သိန်းငါးသောင်းလောက် အကုန်အကျခံ သုံးစွဲမှာပါ။ အိမ်ကွင်း အဖြစ်တော့ သုံးမှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေး အတွက် နိုင်ငံတကာ အဆင့်မှီ ပစ္စည်းတွေက အစ လုပ်သွားမှာပါ။ ”ဟု ၄င်းကဆိုသည်။

ဇွဲကပင် ယူနိုက်တက် အသင်းသည် အိမ်ကွင်း အဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အောင်သံလွင် ကွင်းကို အသုံးပြုရန် မူလက ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် အဆင်မပြေ သဖြင့် အခြားကွင်း တစ်ကွင်းကို ပြင်ဆင် ရန်လည်း စီစဉ်ထားသည်။

ဇွဲကပင်အသင်းမှာ ၂၀၁၀ဘောလုံးရာသီမှ စတင်ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီ အထိတန်းမဆင်းရသော အသင်းများ ထဲတွင် ပါဝင်နေသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10717


No comments:

Post a Comment