မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 3, 2016

ချောင်ဘူရီကို ရှုံးခဲ့သော်လည်း အသင်းခြေစွမ်းကို ကျေနပ်မိသည်ဟု မာယန်ဆို



ရန်ကုန်အသင်းနှင့် ချောင်ဘူရီတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေစဉ်။ (ဓာတ်ပုံ- YUFC)

ဖေဖော်ဝါရီ ၃၊ ရန်ကုန်

၂၀၁၆ အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယ အဆင့်တွင် ထိုင်းပရီးမီးယားလိဂ် ကလပ် ချောင်ဘူရီ အသင်းကို ရှုံးနိမ့် ခဲ့သော်လည်း အသင်း ခြေစွမ်းကို ကျေနပ် အားရ မိသည်ဟု ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် မာယန်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန် ယူနိုက်တက် အသင်းမှာ ချောင်ဘူရီ အသင်းနှင့် ပွဲတွင် ဦးဆောင် ဂိုးများ သွင်းယူနိုင် ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးခဲ့ရကာ ပွဲအပြီးတွင် ၃-၂ဂိုးဖြင့် ရှုံးခဲ့သလို နောက်ခံလူ ဇော်မင်းထွန်းနှင့် သန်းထက်အောင် တို့လည်း အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည်။

“ဒီနေ့ အကောင်းဆုံး ပုံစံနဲ့ ကစားပေး သွားတဲ့ ကျွန်တော် ကစားသမားတွေ အတွက် ဂုဏ်ယူ ပါတယ်။ အကောင်းဆုံး ပွဲ တစ်ပွဲဖြစ်ခဲ့ ပေမဲ့ အနိုင်ရရှိမယ့် အခွင့်အရေးတွေ လက်လွတ် ခဲ့ရတယ်။ ရလဒ်အားဖြင့် ကံမကောင်း ခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားမှုကို အထူး ဂုဏ်ပြု လိုပါတယ်။”ဟု မာယန်က ပြောသည်။

ရန်ကုန်အသင်းမှာ အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ အဆင့်မှ ထွက်ခဲ့ ရသဖြင့် AFC Cup ပြိုင်ပွဲတွင် ဝင်ရောက် ကစားရမည် ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် AFC Cup အုပ်စု(ဆ) တွင် အိန္ဒိယကလပ် မိုဟန်ပုဂံ၊ ဟောင်ကောင်ကလပ် တောင်တရုတ်၊ မော်လ်ဒိုက်ကလပ် မာဇီယာအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10718


No comments:

Post a Comment