ဂျာမန် ဘွန်ဒတ်စ် လီဂါကလပ် ရှော်ကေး အသင်း နောက်တန်း ကစားသမား ဂျိုရေ မာတစ်ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန်မှာ လီဗာပူးကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် မာတစ်ဟာ လာမယ့် နွေရာသီမှာ ရှော်ကေးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကို ရောက်ရှိမှာပါ။
မာတစ်ဟာ ဗဟိုနောက်ခံ လူနဲ့ ကွင်းလယ် ၂ နေရာ စလုံးမှာ ကစားနိုင်သူ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဖွား အသက် ၂၄ နှစ် အရွယ် ကင်မရွန်း လက်ရွေးစင်ဟာ ရှော်ကေး အသင်း အတွက် ပွဲပေါင်း ၁၈၁ ပွဲ ကစားပေး ထားပြီး ၁၇ ဂိုး သွင်းယူပေး ထားပါတယ်။
အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ရတာ ခက်ခဲပေမယ့် နောက်တဆင့်ကို တက်ဖို့ အချိန်ရောက်နေပြီ ဖြစ်တယ်လို့ မာတစ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ မာတစ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။
သူဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ လီဗာပူးကို ရောက်ရှိမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135497
No comments:
Post a Comment