ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ ဒဏ်ရာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေကြောင်း နည်းပြ ဟစ်ဒင့်က ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် တယ်ရီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က နယူးကာဆယ်ကို အနိုင်ရတဲ့ ပွဲမှာ တကောက်ကြောဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
ဒီဒဏ်ရာကြောင့် တယ်ရီဟာ ဖေဖော်ဝါရီ ၁၆ ရက်ည ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်ကိုလည်း လွဲချော်သွားပြီ ဖြစ်ပါတယ်။
သူ့ဒဏ်ရာအခြေအနေက မန်စီးတီးနဲ့ပွဲမှာ ကစားနိုင်မလား ဆိုတာကို သိဖို့ ခက်ခဲတယ်လို့ ချဲလ်ဆီးနည်းပြက ပြောပါတယ်။
အက်ဖ်အေဖလားရဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့် ၁၂ မှာ ရပ်တည်နေပါတ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135512
No comments:
Post a Comment