မတ် ၈ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ အက်စ်ပန်ညိုက ရေယို ဗလက်ကာနိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ပွဲချိန် ပထမပိုင်း ၁၂ မိနစ်ကတည်းက အက်စ်ပန်ညိုတို့ ဗွေဆော်ဦးဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ဗလက်ကာနိုက ချေပဂိုးသွင်းယူခဲ့လို့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒါပေမယ့် ၇၇ မိနစ်မှာ အက်စ်ပန်ညိုက ဂိုးထပ်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
မိနစ် ၉၀ မှာတော့ အက်စ်ပန်ညိုက ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
ဗလက်ကာနိုအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရတဲ့ အက်စ်ပန်ညိုက ၂၈ ပွဲကစား ၃၁ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၄၊ ဗလက်ကာနိုကတော့ ၂၈ ပွဲကစား ၂၆ မှတ်နဲ့ တန်းဆင်းဇုန်အထက် နံပါတ် ၁၇ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138593
No comments:
Post a Comment