မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 24, 2016

လီဗာပူးလ် တိုက်စစ်မှူး စတူးရစ်ကို ခေါ်ယူရန် ပီအက်စ်ဂျီ အသင်း ပစ်မှတ်ထား




မတ် ၂၄၊ ပဲရစ်

ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်းသည် လီဗာပူးလ် တိုက်စစ်မှူး ဒန်နီရယ် စတူးရစ်ခ်ျကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း ကမ္ဘာ့ မီဒီယာများက ဖော်ပြလျက် ရှိသည်။

စတူးရစ်ခ်ျ၏ ခြေစွမ်းကို စောင့်ကြည့်ရန်အတွက် ပီအက်စ်ဂျီအသင်းက ဘောလုံးကင်းထောက်များကို အင်္ဂလန်နှင့်ဟော်လန်ပွဲစဉ်သို့ စေလွှတ်ထားသည်ဟုလည်း သတင်းများက ဆိုသည်။

ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူးများဖြစ်သော အီဗရာဟီမိုဗစ်ခ်ျနှင့် ကာဗာနီတို့သည် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့်အတွက် နည်းပြ လောရင့်ဘလန့်မှာ တိုက်စစ်မှူးသစ်များ ရှာဖွေနေပြီး စတူးရစ်ခ်ျမှာ ပီအက်စ်ဂျီအသင်းအလိုရှိသည့် တိုက်စစ်မှူးများထဲမှ တစ်ဦး ဖြစ်သည်။

သို့သော် စတူးရစ်ခ်ျသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း သုံးနှစ် ရှိနေသေးသည့်အတွက် ပီအက်စ်ဂျီအသင်းမှာ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူရန် များပြားသည့် ပြောင်းရွှေ့ကြေး အသုံးပြုရဖွယ်ရှိနေသည်။

စတူးရစ်ခ်ျသည် လီဗာပူးလ်တွင် ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏ ဒဏ်ရာရနေသည့်အတွက် အသင်းပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး အသင်းပြောင်းရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

မဇ္ဈိမသတင်း by အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/12710


No comments:

Post a Comment