
ဒီဗွီဘီ by ပိုင်စိုး
စပိန် လာလီဂါ ထိပ်သီး အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်က လာမယ့် နွေရာသီ ကစားသမား အပြောင်းအရွှေ့မှာ တော့တင်ဟမ် ဟော့စပါးက ဒယ်လီ အယ်လီကို ခေါ်ယူဖို့ ပစ်မှတ် ထားနေ ပါတယ်။
ဗြိတိသျှ မီဒီယာတွေမှာတော့ ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဆယ်ကျော်သက် ကွင်းလယ်ကစားသမား အယ်လီကို အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားအဖြစ် သတ်မှတ်ထားကြောင်း ရေးသားနေပါတယ်။
ရီးရဲလ်ဟာ စပါးအသင်းကနေ တိုက်စစ်မှူး ဂါရတ် ဘေးလ်နဲ့ ကွင်းလယ်လူ မိုဒရစ်တို့ကို ခေါ်ယူထားပါတယ်။
အသက် ၁၉ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ စပါးအတွက် ပွဲဦးထွက် ကစားခွင့် ရထားပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုး သွင်းယူထားပါတယ်။
စပါးအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားကို ဈေးပေါပေါနဲ့ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138606





No comments:
Post a Comment