မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 11, 2016

အာရှ ယူ ၁၄ ပြိုင်ပွဲဝင်ရန် မြန်မာ အမျိုးသမီး အသင်း ဂျပန်ကို ထွက်ခွာ




ဂျပန်နိုင်ငံမှာ ကျင်းပမဲ့ အာရှ အမျိုးသမီး ယူ ၁၄ ဖိတ်ခေါ် ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ မြန်မာ့ လက်ရွေးစင် ယူ၁၄ အမျိုးသမီး အသင်းဟာ မတ် ၁၀ ရက်နေ့က ရန်ကုန် လေဆိပ် ကနေ ထွက်ခွာ သွားပါတယ်။

အဲဒီအသင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက အခြေခံ ပညာကျောင်းတွေက ရွေးချယ် ထားတာလို့ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ပါတယ်။

ကစားသမား ၁၈ ဦးဖြင့် သွားရောက် ယှဉ်ပြိုင်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန် (အကယ်ဒမီ)၊ ဂျပန် (Azul Claro) အသင်းတွေနဲ့ မတ် ၁၂ ရက်နေ့ ကနေ မတ် ၁၆ ရက်နေ့ အထိ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

အသင်းတသင်းကို ၅ ရက် အတွင်း ၄ ပွဲ ကစား ရမည် ဖြစ်ပြီး ၁ ပွဲကို ၃၅ မိနစ်နှစ်ပိုင်းစီ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139002


No comments:

Post a Comment