မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 30, 2016

ဘရူနိုင်းဘောလုံး ပွဲတော်သို့ မြန်မာ ယူ-၁၄ အသင်း သွားရောက် ယှဉ်ပြိုင်မည်



နည်းပြ အဲရစ် ၀ီလျံနှင့်အတူ ယူ-၁၄ အသင်း လေ့ကျင့်နေစေဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၃၀ ၊ ရန်ကုန်

မြန်မာ့ လက်ရွေးစင် ယူ-၁၄ အသင်းသည် လာမည့် ဇူလိုင်လ အတွင်း ဘရူနိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် ဘရူနိုင်း လူငယ် ဘောလုံး ပွဲတော်သို့ သွားရောက် ယှဉ်ပြိုင်ရန် စီစဉ် ထားသည် ဟု အသင်း မီဒီယာ တာဝန်ခံ ကိုဇော်လတ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် သြစတြေးလျလူမျိုး အဲရစ်ဝီလျံက တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ပဏာမ ကစားသမား ၃၁ ဦးဖြင့် သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

“ အနီးစပ်ဆုံး နိုင်ငံတကာပြိုင်ပွဲအနေနဲ့ လာမယ့် ဇူလိုင်လထဲမှာ ဘရူနိုင်းသွားဖို့ရှိပါတယ်။ ဘရူနိုင်းလူငယ်ဘောလုံးပွဲတော် သွားကစားမှာပါ။

ပွဲက ကစားသမား ၁၈ ယောက်ပဲ ခေါ်ခွင့်ရှိတဲ့အတွက် အဲ့မတိုင်ခင် လက်ရှိပဏာမ ကစားသမား ၃၁ ယောက်ထဲက ၁၈ ယောက်ရွေးမှာပါ။ ဒီကြားထဲမှာ တိုင်းနဲ့ပြည်နယ် ယူ-၁၅ ပြိုင်ပွဲကနေ ကစားသမားထပ်ဖြည့်ဖို့လည်း ရှိပါသေးတယ်။

ယူ-၁၅ ပြိုင်ပွဲက ဗိုလ်လုပွဲတက်တဲ့ အသင်းနှစ်သင်းနဲ့လည်း ခြေစမ်းကစားဖို့ ရှိပါတယ်။ အသင်းကိုတော့ ကစားသမားတွေရဲ့ ပညာရေးအခြေအနေအရ နောက်လကစပြီး မန္တလေးမှာပဲ သွားလေ့ကျင့်ဖြစ်တော့မှာပါ။” ဟု ကိုဇော်လတ်က ယူ-၁၄ အသင်း၏ အစီအစဉ်နှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင်ယူ-၁၄ အသင်းသည် လက်ရှိတွင် မန္တလေးဘောလုံးအကယ်ဒမီမှ ကစားသမားအများစုဖြင့် အခြေခံဖွဲ့စည်းထားပြီး လာမည့် ဧပြီလ ၂၄ ရက်မှ စတင်ကာ အသင်းအား မန္တလေးသို့ ပြောင်းရွေ့လေ့ကျင့်စေမည် ဖြစ်သည်။

မဇ္ဈိမသတင်း by ရွှေဘုတ်

Originally published at - http://mizzimaburmese.com/article/12948


No comments:

Post a Comment