မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 21, 2016

ဆောက်သမ်တန် ၃ – ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)




မတ်လ ၂၀ ရက် ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်က နောက်ကနေ လိုက်ကစားပြီးမှ လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

လီဗာပူးက ပထမပိုင်း ၂၂ မိနစ် အတွင်းမှာ ကော်တင်ဟိုနဲ့ စတာရစ်ခ်ျတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင် ခဲ့တာပါ။

ဆောက်သမ်တန်က အိမ်ကွင်းမှာ ခပ်မာမာနဲ့ ယှဉ်ပြိုင် သွားပြီး ပထမချေပဂိုးကို ၆၄ မိနစ်မှာ မာနီက သွင်းယူပါတယ်။

ဒုတိယဂိုးကို ၈၃ မိနစ်မှာ ပယ်လီက သွင်းယူပါတယ်။

ဒီပွဲမှာ လီဗာပူးနောက်တန်း မထိန်းနိုင်ဖြစ်ခဲ့ပြီး ဂိုးတွေ ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဆောက်သမ်တန်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။

အိမ်ရှင်အတွက် တတိယဂိုးကို ၈၆ မိနစ်မှာ မာနီက သွင်းယူပြီး အနိုင်ရသွားပါတယ်။

ဒီပွဲရှုံးလို့ လီဗာပူးဟာ ၄၄ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပြီး ရာသီအကုန်မှာ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက်တွေ ထိခိုက်သွားပါတယ်။

နိုင်ပွဲရတဲ့ ဆောက်သမ်တန်က ၄၇ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140341


No comments:

Post a Comment