
အင်္ဂလန်ပရီးမီးယားလိဂ် ၃၄ ပွဲမြောက်အဖြစ် မန်စီးတီးနဲ့ နယူးကာဆယ်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။
ပထမပိုင်း ၁၄ မိနစ်မှာ မန်စီးတီးအသင်းက အဂွီရိုက အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် ထားပါတယ်။
ကိုလာရော့က အလွတ်တည်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွားတဲ့ အဂွီရိုက လူကျွံနေတဲ့ အတွက် ဒီဂိုးက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ နာဗစ်နဲ့ ဒီဘရိုနေးတို့ရဲ့ ထိုးဖောက် ကန်သွင်းမှုတွေကို နယူးကာဆယ် ဂိုးသမားက လက်စွမ်းပြကာကွယ်သွားပါတယ်။
ပထမပိုင်း ၃၁ မိနစ်မှာပဲ နယူးကာဆယ်က အန်နီတာက ချေပဂိုးသွင်းယူသွားခဲ့ပြီး တဂိုးစီ သရေကျခဲ့ပါတယ်။
ဒီပွဲသရေကျတဲ့အတွက် နယူးကာဆယ်ကတော့ ၃၄ ပွဲကစား ၂၉ မှတ်နဲ့ ၃၃ ပွဲကစားထားတဲ့ ဆန်းဒါးလန်းနဲ့ ၁ မှတ်အကွာ တန်းဆင်းဇုန်က အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/145830

No comments:
Post a Comment