Wednesday, May 11, 2016
ဝက်စ်ဟမ်းကို ရှုံးပြီး မန်ယူ ချန်ပီယံလိဂ် ၀င်ခွင့်ရရန် ခက်ခဲ (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ၀က်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ မေလ ၁၀ ရက်ညက ယှဉ်ပြိုင်ရာ ၀က်စ်ဟမ်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဝက်စ်ဟမ်းကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲ ရှုံးနိမ့်သွားတဲ့အတွက် မန်ယူအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေမရာ ဖြစ်လာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ၀က်စ်ဟမ်းက အပြတ်အသတ် အသာရခဲ့သလို ရတဲ့အခွင့်အရေးတွေ အသုံးချပြီး အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာပါ။
ပွဲအစ ၁၀ မိနစ်မှာပဲ ၀က်စ်ဟမ်းအသင်းအတွက် ဆာခိုက အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၁ မိနစ်နဲ့ ၇၂ မိနစ်တွေမှာ မန်ယူအတွက် ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူး မာရှယ်က ၂ ဂိုးသွင်းယူပြီး မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့် မန်ယူဟာ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ပွဲချိန် ၇၆ မိနစ်မှာ အန်တိုနီယိုက ၀က်စ်ဟမ်းအတွက် ဒုတိယဂိုး၊ မိနစ် ၈၀ မှာ ၀င်စတန်ရိဒ်က ပွဲသိမ်း အနိုင်ဂိုး သွင်းယူခဲ့တဲ့အတွက် ပွဲအပြီးမှာ ၀က်စ်ဟမ်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပြီး ၀က်စ်ဟမ်းကတော့ ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/149216
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment