မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 11, 2016

ဘင်ဖီကာ ကွင်းလယ်လူနှင့် ဒေါ့မွန် နောက်ခံလူတို့ကို ဘိုင်ယန်မြူးနစ် ခေါ်ယူ


ရီနာတို ဆန်းချက်။ (ဓာတ်ပုံ - ရိုက်တာ)

ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းက ကွင်းလယ်လူ ရီနာတို ဆန်းချက်ကို ယူရို ၃၅ သန်းနဲ့ ဘိုင်ယန်မြူးနစ်က ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ်။

မေလ ၉ ရက်နေ့က ဆေးစစ်ချက် အောင်မြင် ပြီးတဲ့နောက် မှာတော့ ဘိုင်ယန် အသင်းက သူ့ကို ငါးနှစ် စာချုပ် ချုပ်ဆို ခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ် ဆန်းချက်ဟာ အခုနှစ်မှ ပေါ်တူဂီလက်ရွေးစင် ဖြစ်လာသူပါ။

ဘင်ဖီကာအသင်းကြီးမှာ ၂၀၁၅ ခုနှစ်က စတင်ကစားခဲ့ပြီး ၂၄ ပွဲကစား ၂ ဂိုး သွင်းပေးထားပါတယ်။

ဆန်းချက်ဟာ မန်ချက်စတာယူနိုက်တက် အသင်းက အလိုရှိနေတဲ့ ကစားသမားလည်ဖြစ်ပြီး သူ့ကိုရဖို့ ယူရို ၄၅ သန်းလောက် သုံးဖို့ ကြိုးစားနေတာပါ။

မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်ဇ်ရဲ့ အကြံပေးမှုနဲ့ အခု အပြောင်းအရွှေ့ ဖြစ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အလားတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်ကိုလည်း ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒေါ့မွန်နောက်ခံလူရဲ့ ပြောင်းရွှေ့ကြေးကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149228

No comments:

Post a Comment