
မေ ၂၁ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ အက်ဖ်အေ ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲ ဖြစ်တာနဲ့ အညီ နှစ်သင်းလုံး အကြိတ် အနယ် ယှဉ်ပြိုင် ကစားခဲ့ ကြပြီး ဂိုးကန်သွင်း ခွင့်တွေလည်း အပြန်အလှန် ရရှိခဲ့ ကြပါတယ်။
ဒီပွဲရဲ့ ပထမဂိုးကိုတော့ ဒုတိယပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က အရင်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၇၈ မိနစ်မှာ ဂျေဆန်က သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ဖလိုင်နီ ရင်ဘတ်နဲ့ ဖမ်းတားပေးတဲ့ ဘောလုံးကို မာတာက ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပွဲချိန် ပြီးဆုံးသွားပါတယ်။ အချိန်ပိုကစားရမှာတော့ မန်ယူအသင်းအတွက် အဖိုးတန် ဖလားရမယ့် အနိုင်ဂိုးကို မိနစ် ၁၁၀ မှာ လင်ဂတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
အက်ဖ်အေးဖလားသမိုင်းမှာ မန်ယူအသင်းဟာ ဒီတကြိမ်နဲ့ဆို စုစုပေါင်း ၁၉ ကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ၁၂ ကြိမ်ဗိုလ်စွဲထားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/151007

No comments:
Post a Comment