
မေ ၂၁ ရက်နေ့က ကစားခဲ့တဲ့ ဂျာမန် ပိုကယ် ဖလား ဗိုလ်လု ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဒေါ့မွန် အသင်းတို့ ၂ ဖက်လုံး ပွဲချိန် ပြီးဆုံးတဲ့ အထိ ဂိုးမသွင်းနိုင်ဘဲ သရေဖြစ် ခဲ့လို့ ပင်နယ် တီ အဆုံးအဖြတ် ယူရာမှာ ဘိုင်ယန်က ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရ ရှိခဲ့ ပါတယ်။
ဒီပွဲမှာ ဒေါ့မွန်အသင်းက ထိပ်တန်းဂိုးသွင်းသမား ပီရာအမ်မရစ်ခ်ဟာ ပွဲပြီးဖို့ အချိန်အ နည်းငယ်အလိုမှာ ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
နှစ်သင်းစလုံးဟာ ပွဲပြီးချိန်ထိ တဖက်နဲ့ တဖက် အနိုင်ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို ကစားခဲ့ရတာပါ။
အချိန်ပိုကစားပွဲပြီးချိန်မှာလည်း နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့သာရှိနေတာမို့ ပင်နယ်တီအဆုံးအဖြတ်ယူခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲစဉ်တလျှောက် ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနဲ့ အသာစီးရယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။
ပင်နယ်တီ ကန်ရာမှာတော့ ဘိုင်ယူမြူးနစ်အတွက် သောမတ်မူလာ၊ လီဝန်ဒေါ့စကီး၊ ကော်စတာ၊ ဗီဒယ်တို့က ဂိုးဝင်ခဲ့ပြီး ဂျိုးစ်ဟွက မ၀င်ခဲ့ပါဘူး။ ဒေါ့မွန်အသင်းမှာတော့ ကာဂါဝါ၊ မာကိုရူး၊ အမ်းမရစ် တို့က ဂိုးဝင်ခဲ့ပြီး ဆိုခရစ်တစ်နဲ့ ဘန်ဒါတို့က ဂိုးမ၀င်ခဲ့ပါဘူး။
by DVB
Originally published at - http://burmese.dvb.no/archives/151051

No comments:
Post a Comment