
အာဂျင်တီးနားမှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ ဘောလုံး ပြိုင်ပွဲတခု အတွင်း ဘောလုံး ကစားသမား ၂ ဦး တွန်းတိုက် လဲကျခဲ့ပြီး ၁ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ပါတယ်။
အန်ထရီရီယို ပြည်နယ်မှာ ဆန်ဂျော့ဒီ ဗေးလာ အသင်းနဲ့ အစဉ် အလာ ပြိုင်ဘက် ဒီဖန်ဆိုရီစ် ဒီ ကိုလုံ အသင်းတို့ ယှဉ်ပြိုင် ကြရင်း မတော်တဆ ဖြစ်ခဲ့တာလို့ ဒေသ သတင်းတွေမှာ ဖော်ပြ ပါတယ်။
သေဆုံးသွားတဲ့ ဘောလုံး သမားက အသက် ၂၄ နှစ် အရွယ် မစ်ကယ် ဖာဗရီ (Micael Favre) ဖြစ်ပြီး ဆန်ဂျော့ဒီ ဗေးလာ အသင်းဘက်က ဂါဂွန်နီမို ကွင်တင်နာနဲ့ ရင်ဆိုင် ခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြ ပါတယ်။
ကွင်တင်နာရဲ့ ဒူးက ဖာဗရီရဲ့ ခေါင်းကို တိုက်မိပြီး နှစ်ယောက်စလုံး မြေပေါ် လုံးထွေး ကျသွား ခဲ့ပါတယ်။
ဖာဗရီဟာ လဲကျ အပြီး ပြန်ထခဲ့ ချိန်မှာ နောက်ထပ် ကစားသမား တဦးဖြစ်တဲ့ ဖေဗီယို လာရိုဆာက တံတောင်နဲ့ တွန်းထိုး ခဲ့လို့ နောက်တကြိမ် လဲကျ သွားခဲ့တာပါ။
သူဟာ နောက် တကြိမ် လဲကျ ရာမှာတော့ ပြန်မထနိုင်တော့ပဲ သတိလစ် မေ့မြော သွားခဲ့ တာမို့ အရေးပေါ် လူနာတင် ယာဉ်နဲ့ ဒေသတွင်း ဆေးရုံ တခုဆီကို ပို့ဆောင်ခဲ့ ချိန်မှာတော့ ဆေးရုံက ဖာဗရီ သေဆုံးသွား ခဲ့ပြီလို့ အတည်ပြု ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/151209

No comments:
Post a Comment