
မေ ၂၃၊ လန်ဒန်
လက်စတာ တိုက်စစ်မှူး ဂျေမီဗာဒီသည် ဗုဒ္ဓဟူးနေ့တွင် မင်္ဂလာဆောင်မည် ဖြစ်သောကြောင့် သောကြာနေ့တွင် သြစတြေးလျနှင့် ကစားမည့် အင်္ဂလန်၏ ခြေစမ်းပွဲကို လွဲမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မင်္ဂလာပွဲကို ရွှေ့ခဲ့သော အသက် ၂၉ နှစ် အရွယ် ဗာဒီသည် ယခုနှစ်တွင်လည်း ဇွန်လမှ ရှေ့သို့ ထပ်ရွှေ့ခဲ့ရာ ယူရို ၂၀၁၆ ပြိုင်ပွဲကို ပါဝင် ကစားနိုင်မည် ဖြစ်သည်။
အင်္ဂလန်နည်းပြ ဟော့ဒ်ဆန်က "ပြီးခဲ့တဲ့နှစ် တုန်းက သူ့မင်္ဂလာဆောင်ကို ဇွန်လကို ရွှေ့ခဲ့ပြီး ကျွန်တော်က သူ့ကို နိုင်ငံတကာ ပွဲတွေအတွက် ရွေးထား ပါတယ်။ အခုမင်္ဂလာဆောင်ဖို့ သင့်နေပါပြီ" ဟု ပြောသည်။
ပရီးမီးယားလိဂ်တွင် ၂၄ ဂိုးသွင်းနိုင်ခဲ့သော ဗာဒီသည် တနင်္ဂနွေနေ့က တူရကီကို ၂-၁ ဖြင့်နိုင်သည့်ပွဲတွင် ရှေ့တန်းသုံးယောက်တန်း၌ ဘယ်ခြမ်းမှကစားခဲ့သော်လည်း နောက်ပိုင်းတွင် အလယ်နေရာမှတိုက်စစ်မှူးအဖြစ်ပြောင်းကစားခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည်။
Ref; BBC
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/14467

No comments:
Post a Comment