ဘရာဇီး အိုလံပစ်မှာ တောင် ကိုရီးယား နိုင်ငံ ကိုယ်စားပြု အားကစား သမားတွေ ၀တ်ဆင်မယ့် အိုလံပစ် အသင်း ၀တ်စုံတွေကို တောင် ကိုရီးယား အိုလံပစ် ကော်မတီက ကြေညာ လိုက်ပါတယ်။
ဝတ်စုံတွေကို ၂၀၁၂ လန်ဒန် အိုလံပစ် ရွှေတံဆိပ် ဆုရှင်တွေ ဖြစ်ကြတဲ့ Kim Ji-yeon နဲ့ Kim Hyeon-woo တို့က စံပြ အနေနဲ့ ၀တ်ဆင် ပြပါတယ်။
ဝတ်စုံပေါ်မှာ နာမည်ကျော် Samsung အုပ်စုရဲ့ ဖက်ရှင် အမှတ် တံဆိပ်ကို ရိုက်နှိပ် ထားပြီး တကိုယ်လုံး ခြေကျင်း ၀တ်အထိ ဒဏ်ရာ မရအောင် ကာကွယ်နိုင်ဖို့ အပြင် ခြင်အန္တရာယ် ကနေ ကာကွယ်နိုင် မယ်လို့ ဒီဇိုင်နာ Kim Soo-jung က ရှင်းပြ ပါတယ်။
ဘရာဇီးနိုင်ငံ အိုလံပစ်ရာသီမှာ ခြင်က သယ်ဆောင်တဲ့ ဇီကာ ဗိုင်းရပ် အန္တရာယ်ကြောင့် စိုးရိမ်မှုတွေ တိုးပွားနေတာပါ။
လန်ဒန် အိုလံပစ် ငွေတံဆိပ်ဆုရှင် Lee Dae-hoon ကလည်း ၀တ်စုံသစ်က သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။
ရီယို ဒီ ဂျန်နေရိုးမြို့မှာ နွေရာသီ အိုလံပစ် ပွဲတော်ကို သြဂုတ် ၅ ရက်နေ့ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147761
No comments:
Post a Comment