မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 2, 2016

ဆွမ်ဆီး ၃ – ၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)




မေလ ၁ ရက်နေ့က ယှဉ်ပြိုင် ကစားတဲ့ ဆွမ်ဆီးနဲ့ လီဗာပူး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆွမ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

လီဗာပူး အသင်းဟာ ဒီအပတ် ထဲမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ကစားဖို့ ရှိနေ တာကြောင့် ဒီနေ့ပွဲမှာ ကစားသမား အနည်းငယ် အပြောင်း အလဲ လုပ်ခဲ့ပြီး အရန်ကစားသမား တချို့ ထည့်သွင်း အသုံးပြု သွားပါတယ်။

ဆွမ်ဆီးအတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၂၀ နဲ့ ၆၇ မိနစ်မှာ အန်ဒရေ အရူးက ၂ ဂိုးသွင်းပြီး ၃၃ မိနစ်မှာ ဂျက်ကော့က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်မှာ ဘန်တီကီက သွင်းယူပေးခဲ့တာပါ။

ဆွမ်ဆီးအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အန်ဒရေ အရူးကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာတော့ ဆွမ်ဆီးက အသာရခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာ လီဗာပူးအသင်းက ဘရက်ဒ် စမစ်သ် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို လီဗာပူးအသင်း ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

ဒီပွဲစဉ်အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ရာသီကုန် ဥရောပ၀င်ခွင့်တနေရာ ရဖို့အတွက် မရေမရာ ဖြစ်နေပါတယ်။

ဆွမ်ဆီးကတော့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147821

No comments:

Post a Comment