Monday, May 2, 2016
ဆောက်သမ်တန် ၄ – ၂ မန်စီးတီး (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ မေလ ၁ ရက်နေ့က ယှဉ်ပြိုင်ရာ ဆောက်တမ်တန်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
တိုရေး၊ အဂွီရို၊ ဆေးလ်ဗား၊ ကွန်ပနီတို့ မပါဝင်တဲ့ မန်စီးတီး အသင်းဟာ ခံစစ်ရော တိုက်စစ်ပါ အားနည်း ခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ ရတာပါ။
ပွဲချိန် ၂၅ မိနစ်နဲ့ ၂၈ မိနစ်မှာ ရှိန်းလောင်းက ဆောက်သမ်တန်အတွက် ဂိုးတွေ သွင်းယူပေးခဲ့ပြီး ၄၄ မိနစ်မှာ အီဟီရာနာချိုက မန်စီးတီးအတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဆောက်သမ်တန်က ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဆောက်သမ်တန်က အပြတ်အသတ် အသာစီးရခဲ့ပါတယ်။
ပွဲချိန် ၅၇ မိနစ်နဲ့ ၆၈ မိနစ်မှာ မာနီက ဆောက်သမ်တန်အတွက် အနိုင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပြီး ၇၈ မိနစ်မှာ အီဟီရာနာချိုကပဲ မန်စီးတီးအတွက် ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဆောက်သမ်တန်က ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ၂ ဂိုးသွင်းပြီး အထူးခြေစွမ်းပြ ကစားသွားတဲ့ မာနီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲစဉ်အပြီး မန်စီးတီးက ရမှတ် ၆၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ၅၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147828
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment