မေ (၈) ရက်နေ့က ဗလင်စီယာ အသင်းနဲ့ ပွဲစဉ်တွင် ရီးယဲလ် အတွက် ဂိုးသွင်း ယူပြီးနောက် အောင်ပွဲ ခံနေတဲ့ ရော်လ်နယ်ဒို။ ဓာတ်ပုံ - အီးပီအေ |
စန်တီယာဂို ဘာနေဗျူး ကွင်းမှာ ရီးယဲလ် မက်ဒရစ် ကစားသမား စီရော်လ် နယ်ဒိုဟာ တနင်္ဂနွေနေ့၊ မေ (၈) ရက်နေ့က ဗလင်စီယာ အသင်းနဲ့ ပွဲစဉ်တွင် ဂိုး (၂၀၀) ပြည့်မြောက် ခဲ့ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက (၃-၂) ဂိုးနဲ့ ဗလင်စီယာအသင်းကို အနိုင်ရတဲ့ ပွဲစဉ်တွင် ရော်လ်နယ်ဒိုက (၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာနေဗျူးကွင်းမှာ ဂိုး (၂၀၀) မြောက်နှင့် (၂၀၁) ဂိုးမြောက်တို့ကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ရော်လ်နယ်ဒိုဟာ ၂၀၀၉ ခုနှစ် ဒီပို့တီဗိုအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွင် ပထမဆုံး အိမ်ကွင်းဂိုးကို ပင်နယ်တီ ပြစ်ဒဏ်ကနေတစ်ဆင့် သွင်းယူခဲ့ပါတယ်။ ဘာနေဗျူးကွင်းမှာ (၁၇၁) ပွဲ ကစားပြီးတဲ့နောက်မှာတော့ (၂၀၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရော်လ်နယ်ဒိုရဲ့ ဘာနေဗျူး ဂိုးသွင်းနှုန်း ပျမ်းမျှမှာ (၁.၁၆) ဂိုးအထိ ရှိလာပါတယ်။
စီရော်လ်နယ်ဒိုရဲ့ ဘာနေဗျူး သွင်းဂိုးတွေကိုတော့ လာလီဂါမှာ (၁၅၀) ဂိုး၊ ချန်ပီယံလိဂ်မှာ ဂိုး (၄၀)၊ စပိန်ဘုရင့်ဖလားမှာ (၁၀) ဂိုးနှင့် စပိန်စူပါဖလားမှာ (၁) ဂိုး သွင်းယူခဲ့ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ (၄၆) ပွဲကစားထားပြီး သွင်းဂိုး (၄၉) ဂိုးနှင့် ဂိုးဖန်တီးမှု (၁၅) ကြိမ်ပြုလုပ်ထားပါတယ်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/14008
No comments:
Post a Comment