
ပရီမီးယားလိဂ် ပထမဆုံး ဖလားကို ရရှိသွာတဲ့ လက်စတာ စီးတီးအသင်းကို အောင်မြင်မှု ရအောင် ဦးဆောင်မှု aပးခဲ့တဲ့ မန်နေဂျာ ကလက်ဒီယို ရန်နီရီကို ၂၀၁၆ ခုနှစ် အတွက် အန်ဇို ဘဲဇော့ (Enzo Bearzot) ဆုကို ချီးမြှင့် လိုက်ပါတယ်။
အကောင်းဆုံး အီတလီမန်နေဂျာဆုဖြစ်တဲ့ Palma d’Oro (Golden Palm) ဂိုးဒင်းပမ်း ဆုကိုပါ ချီးမြှင့်လိုက်ပါတယ်။
ဆုလက်ခံယူတဲ့ အခမ်းအနားမှာ ရန်နီရီက သူ့အသင်း အောင်မြင်ရတဲ့ အရေးကြီးတဲ့ သင်ခန်းစာ ၃ ခုကို ပြောပါတယ်။
နံပါတ် ၁ သင်ခန်းစာက ဘယ်တော့မှ အရှုံးမပေးနဲ့၊ နံပါတ် ၂ သင်ခန်းစာက အနာဂတ်ကို မျက်နှာမူ၊ နံပါတ် ၃ သင်ခန်းစာက ဘောလုံးကို ငွေကြေးအတွက် မစဉ်းစားဘဲ စည်းလုံးညီညွတ်မှု မဏ္ဍိုင်အဖြစ် သဘောထားဖို့ လိုတယ်လို့ ဆိုပါတယ်။
အန်ဇို ဘဲဇော့ဆုကို အီတလီ ခရစ်ယာန် အလုပ်သမားအဖွဲ့နဲ့ အီတလီ ဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်တာ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်တုန်းက အီတလီနိုင်ငံ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အန်ဇို ဘဲဇော့ကို ဂုဏ်ပြုတဲ့အနေနဲ့ တီထွင်ထားတဲ့ဆု ဖြစ်ပါတယ်။
ဒီတပတ် အစောပိုင်းမှာ အီတလီဝန်ကြီးချုပ် ရန်ဇီကလည်း ရန်နီရီကို နိုင်ငံရဲ့ အမြင့်ဆုံးဆုတဆု ချီးမြှင့်ဖို့အတွက် အဆိုပြုသွားမယ်လို့ ပြောထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/149060





No comments:
Post a Comment