မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 10, 2016

ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ ပလာတီနီ နုတ်ထွက်




ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူး ကနေ ဆိုင်းငံ့ခံ ထားရတဲ့ ပလာတီနီက ရာထူး ကနေ နုတ်ထွက် လိုက်ပါပြီ။

ဖီဖာ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ချိုးဖောက်မှုနဲ့ အပြစ်ပေး ခံထား ရတာကို ဆွစ်ဇာလန် တရားရုံးမှာ အယူခံ ၀င်တာ ရှုံးသွား ပြီးနောက် နုတ်ထွက် လိုက်တာပါ။

တရားသူကြီး ၃ ဦး ထိုင်တဲ့ ခုံရုံးက ပလာတီနီ အပေါ် နဂိုက ချမှတ် ထားတဲ့ ၆ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ဟာ ပြင်းထန်တယ်လို့ မှတ်ချက်ပေးပြီး ၄ နှစ် လျှော့ပေးဖို့ အမိန့်ချ လိုက်ပါတယ်။

ပလာတီနီအနေနဲ့ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သေးရင် ဆွစ်ဇာလန်နိုင်ငံ ပြည်ထောင်စုခုံရုံး အထိ အယူခံ ၀င်နိုင်သေးတယ်လို့ ခုံရုံး အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။

ပလာတီနီကတော့ တရားရုံးဆုံးဖြတ်ချက်က ကြီးမားတဲ့ မတရားမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ပလာတီနီနဲ့ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာတို့ဟာ ၂၀၁၁ ခုနှစ်က ပေါင် ၁ ဒသမ ၃ သန်း ငွေကြေးအပေးအယူ ကိစ္စအတွက် ဘောလုံးလောကကနေ ၈ နှစ် တားမြစ်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ပလာတီနီရဲ့ ပြစ်ဒဏ်ကို ၆ နှစ် လျှော့ပေါ့ပေးလိုက်ပါတယ်။

ပလာတီနီနဲ့ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာတို့ နှစ်ဦးစလုံးကတော့ ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေကနေ ကင်းရှင်းတယ်လို့ ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149037

No comments:

Post a Comment