
အင်္ဂလန် ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားတဲ့ အက်စ်တွန် ဗီလာကို ပေါင်သန်း ၆၀ နဲ့ ၀ယ်ယူဖို့ တရုတ် စီးပွားရေး သမားက သဘော တူညီ လိုက်ပါတယ်။
ဘောလုံးလိဂ်ရဲ့ အတည်ပြုချက် ရယူရမယ့် သဘော တူညီချက်က တရုတ် စီးပွားရေး သမား ဒေါက်တာ တိုနီဇီကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး ဥက္ကဋ္ဌ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကလပ်အသင်းက ထုတ်ပြန်ချက် မှာတော့ ဇီက ကလပ်ကို ထိန်းသိမ်းဖို့ မှန်ကန်တဲ့ ပိုင်ရှင် တဦး ဖြစ်သလို အကောင်းဆုံး ရွေးချယ် လိုက်တာလို့ ယုံကြည် တယ်လို့ ပြောပါတယ်။
သင့်တော်တဲ့ ပိုင်ရှင်တယောက်နဲ့ ဒါရိုက်တာ ဖြစ်တဲ့အကြောင်း စစ်ဆေးမှုကို ဇီက အောင်မြင်အောင် ဖြေဆိုဖို့ လိုနေပါတယ်။ အသင်းမန်နေဂျာကိုလည်း မကြာခင်ကြေညာသွားမှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ ပေါင် ၆၂.၂ သန်းနဲ့ ၀ယ်ယူခဲ့တဲ့ အမေရိကန် ဘီလျံနာ ရန်ဒီလာနာက ကလပ် အသင်းကို ရောင်းချဖို့ ၂၀၁၄ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်
by DVB
Originally published at - http://burmese.dvb.no/archives/150429

No comments:
Post a Comment