Thursday, May 19, 2016
လီဗာပူးကို အနိုင်ယူပြီး ဆီဗီးလာ ယူရိုပါလိဂ် ၃ နှစ်ဆက် ချန်ပီယံဖြစ် (ရုပ်သံဟိုက်လိုက်)
စပိန် လာလီဂါက ဆီဗီးလာ အသင်းဟာ အင်္ဂလန် ပရီးမီးယား လိဂ်က လီဗာပူး အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်မှာ ၃ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်လာ ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မှာ ကျင်းပတဲ့ ပွဲရဲ့ ပထမပိုင်း ၃၅ မိနစ်မှာ လီဗာပူး အသင်းက ဒင်နီယယ် စတားရစ်ခ်ျက အဖွင့် ဂိုးကို စတင် သွင်းယူပြီး ပွဲကို ဦးဆောင် ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်း ၄၆၊ ၆၄၊ ၇၀ မိနစ်တွေမှာ ဆီဗီးလာအသင်းက ၃ ဂိုးသွင်းယူပြီး လီဗာပူးအသင်းကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ လီဗာပူးအသင်း ကစားပုံကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်း ကစားပုံ ပြိုကျသွားလို့ ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကို ကြည့်ရင်တော့ လီဗာပူး အသာစီးရခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဆီဗီးလာကတော့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/150416
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment