
ပိုမို ဆိုးဝါးလာတဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ဂျမေကာ အပြေးသမား အူစိန်ဘော့ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေ တယ်လို့ နည်းပြကို ကိုးကားပြီး ဒေသခံ ရေဒီယို တွေက ထုတ်ပြန် ပါတယ်။
မေ ၁၄ ရက် ကေမန်းကျွန်းက နိုင်ငံတကာ ဖိတ်ခေါ် အပြေး ပြိုင်ပွဲမှာ မီတာ ၁၀၀ နဲ့ ၂၀၀ အိုလံပစ် ချန်ပီယံ အူစိန်ဘော့ဟာ တံကောက်ကြော ဒဏ်ရာကို ရရှိခဲ့ တာလို့ အူစိန်ဘော့ရဲ့ နည်းပြ ဂလန်းမေးလ်က ပြောပါတယ်။
ပြိုင်ပွဲ အဆုံးသတ်မှာ အူစိန်ဘော့ရဲ့ မျက်နှာ ရှုံ့မဲ့သွားတာကို သတိ ထားမိ သလားလို့ နည်းပြ မေလ်းက ပြောပါတယ်။
လက်ရှိမှာတော့ ဂျာမနီနိုင်ငံက ပြေးခုန်ပစ် အားကစားသမားတွေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကုသခံနေပါတယ်။
ဒီပြိုင်ပွဲမှာ အူစိန်ဘော့က မီတာ ၁၀၀ ကို ၁၀ ဒသမ ၀၅ စက္ကန့်နဲ့ ပန်းဝင်ပြီး ပထမ ရရှိသွားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
Originally published at - http://burmese.dvb.no/archives/150135





No comments:
Post a Comment