
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ် အသင်းတို့ကို ကစားသမားတွေ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အတွက် ပေါင်သိန်းချီပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) က ဒဏ်ရိုက် လိုက်ပါတယ်။
၂၀၁၄ နိုဝင်ဘာက စတင်ပြီး ပွဲကစားစဉ် ပြိုင်ဘက် ကစားသမားတွေနဲ့ ထိပ်တိုက် ၄ ကြိမ် ဖြစ်ပွားခဲ့တဲ့ အတွက် ပေါင် ၃၇၅၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
စပါးအသင်းကလည်း ပြိုင်ဘက် ကစားသမားတွေနဲ့ ၃ ကြိမ် ထိပ်တိုက် ဖြစ်ပွားခဲ့တဲ့ အတွက် ပေါင် ၂၂၅၀၀၀ ဒဏ်ရိုက် ခံရပါတယ်။
ချဲလ်ဆီးနဲ့ စပါးပွဲစဉ်မှာလည်း အ၀ါကတ် ၁၂ ကတ်အထိ အပြခံရသလို အငြင်းပွားမှုလည်း ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအပေါ်လည်း ဒဏ်ငွေရိုက်ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ စပါးပွဲစဉ်မှာ စပါးနောက်ခံလူ ဒန်နီရို့စ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူး ၀ီလီယံတို့ အငြင်းပွားမှုကို စပါးနည်းပြ ပိုချက်တီနိုကလည်း ကွင်းအတွင်း ၀င်ရောက်ဖျန်ဖြေခဲ့ရပါတယ်။
ဒါ့အပြင် ပွဲအပြီးမှာ ရို့စ်က ချဲလ်ဆီးနည်းပြ ဟစ်ဒင့်ကို တွန်းထိုးခဲ့တဲ့အတွက် ဟစ်ဒင့် လဲကျသွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။
စပါးကစားသမား ဒမ်ဘီလီက ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာအပေါ် အကြမ်းဖက်မှု ကျူးလွန်တဲ့အတွက်လည်း အက်ဖ်အေက ၆ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/150126

No comments:
Post a Comment