
မေ ၁၇၊ မန်ချက်စတာ
မန်ယူ အသင်းသည် ပီအက်စ်ဂျီ အသင်းမှ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျကို ခေါ်ယူရန် ဆွေးနွေး နေကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့သည်။
လာမည့် အောက်တိုဘာ လတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီ မိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆို ထားသော စာချုပ်မှာ ယခုနှစ် ရာသီ အကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့် အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။
မိုဗစ်ခ်ျ၏ လစာငွေမှာ တစ်နှစ်လျှင် ပေါင် ၁၂ သန်း ရှိသည့်အတွက် ထိုပမာဏကို ပေးချေနိုင်သည့်အသင်းအနည်းငယ်သာရှိပြီး မန်ယူအသင်းမှ ထိုအသင်းများထဲမှ တစ်သင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ဘော်ဒိုးနှင့် ၁-၁ ဂိုးဖြင့်သရေကျခဲ့သည့်ပွဲတွင် မန်ယူအသင်း၏ကင်းထောက်များမှာ မိုဗစ်ခ်ျကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ပုံမှန်ညှိနှိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ မိုဗစ်ခ်ျကို တစ်နှစ်စာချုပ်သက်တမ်းဖြင့် ခေါ်ယူရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မိုဗစ်ခ်ျသည် ယခုနှစ်ရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၄၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လေးနှစ်အတွင်း ၁၅၄ ဂိုးအထိသွင်းယူပေးထားသည်။ ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။
မိုဗစ်ခ်ျ၏အေးဂျင့်ကမူ မန်ယူအသင်းက တရားဝင်ကမ်းလှမ်းမှု မရှိသေးဟု ပြောဆိုထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/14277

No comments:
Post a Comment