
မေ ၁၅ ရက်က ရွှေ့ဆိုင်း လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘုန်းမောက် တို့ပွဲ မကစားခင် တွေ့ရတဲ့ သံသယဖြစ်ဖွယ် အထုပ်ပေါ်မှာ မှားယွင်း လက်မှတ်ရေးထိုး မိတယ်လို့ လုံခြုံရေး အဖွဲ့က ပြောပါတယ်။
အိုးထရက်ဖို့ဒ်ကွင်း အတွင်းမှာ လေ့ကျင့်ခန်း လုပ်ဆောင် နေစဉ်က မှားယွင်း လက်မှတ် ထိုးမိ တာလို့ ဆိုပါတယ်။
ကွင်းရဲ့ အနောက်မြောက်ဘက်က အိမ်သာထဲမှာ တွေ့ရတဲ့ ဒီ မသင်္ကာဖွယ် အထုပ်ကြောင့် ပွဲကစားဖို့ နီးကပ်လာတဲ့ အချိန်မှာ ပွဲကို ရွှေ့ဆိုင်း လိုက်ရပါတယ်။
မန်ယူအသင်းရဲ့ အမှုဆောင် ဒု-ဥက္ကဋ္ဌ အက်ဝုဒ်ဝပ်ဒ်ကတော့ ဒီဖြစ်ရပ်အပေါ် ၀န်ထမ်းတွေရဲ့ တုံ့ပြန်မှုကို ဂုဏ်ယူတယ်လို့ ပြောပါတယ်။
အားပေးတဲ့ ပရိသတ်တွေ ကွင်းထဲကိုလာဖို့ ခွင့်ပြုလိုက်စဉ်မှာ ဒီအထုပ်ကို မတွေ့ရသေးဘဲ နောက်ပိုင်းမှ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
သံသယဖြစ်ဖွယ် အထုပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ဒီပွဲကို လာမယ့် အင်္ဂါနေ့၊ မေလ ၁၇ ရက်ညမှာ ပြန်ကစားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/150111

No comments:
Post a Comment