မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 9, 2016

ဘာစီလိုနာ ၅ ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယား ဆက်လက်ဦးဆောင် (ရုပ်သံဟိုက်လိုက်)




စပိန် လာလီဂါ ပွဲစဉ် ၃၇ အဖြစ် ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ မေလ ၈ ရက်ည ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၅ ဂိုးပြတ် သွင်းပြီး အနိုင်ရလို့ အမှတ် ပေးဇယားကို ဆက်လက် ဦးဆောင် ထားနိုင် ပါတယ်။

စပိန်လာလီဂါ အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးခါနီးအချိန်ထိ ထိပ်ဆုံးသုံးသင်းဖြစ်တဲ့ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေကြတာပါ။

ဒါကြောင့်လည်း ဘာစီလိုနာဟာ ဒီပွဲအတွက် အမှားအယွင်း မခံဘဲ ဇယားအောက်ခြေက အသင်းဖြစ်တဲ့ အက်စ်ပန်ညိုကို ပေါ့ပေါ့ တန်တန် မကစားဘဲ အလေးထား ယှဉ်ပြိုင်ခဲ့လို့ အခုလို ဂိုးပြတ် အနိုင်ရ ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ မက်ဆီ၊ ၅၂ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ ဆွာရက်ဇ်၊ ၇၄ မိနစ်မှာ ရာဖင်ဟာနဲ့ ၈၃ မိနစ်မှာ နေမာတို့က အသီးသီး သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့် တွေမှာလည်း အပြတ် အသတ် အသာစီး ရယူနိုင်ခဲ့တာပါ။

ဒီပွဲ အနိုင်ရတဲ့ အတွက် ဘာစီလိုနာဟာ ရမှတ် ၈၈ မှတ်နဲ့ ဒုတိယ နေရာက ရီးရဲလ်ကို တမှတ် အသာရပြီး အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်ပါတယ်။

အက်စ်ပန်ညိုကတော့ ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148910

No comments:

Post a Comment